ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ပါ‌မောက္ခ ဒေါက်တာ ဒေါ်ခင်ချိုချိုဦး နှင့် ခေါင်းဆောင်ကြီးကြပ်သူ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၃၅ ဦးတို့သည် ၂၂-၉-၂၀၂၆ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာ့တိုင်းရင်းဆေးပညာပြတိုက်နှင့်  ပရဆေးဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ပါသည်။ ထိုတိုင်းရင်းဆေးပြတိုက်တွင် မြန်မာရှေးတိုင်းရင်းဆေးသမားတော်ကြီးတို့၏ ဆေးကျမ်းများနှင့် ဆေးဖော်စပ်ခဲ့သည့် ရှေးဟောင်းကိရိယာ ယန္တရားများ၊ ကိုဗစ်-၁၉အတွက် ဖော်စပ်ထားသည့် ဆေးနံ့သာတို့ကို လေ့လာခဲ့ပြီး ပရဆေးဥယျာဉ်ရှိ ဆေးဖက်ဝင်အ‌ပင်အမျိုးမျိုးတို့ကိုလေ့လာကြည့်ရှုခဲ့ပါသည်။ ထို့နောက် ၂၃-၉-၂၀၂၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ သွားရောက်လေ့လာခဲ့ပြီး လွှတ်တော်အစည်းအဝေးခန်းမ၊ တိုင်းရင်းသားရိုးရာဝတ်စုံဆင်ယင်ထားသည့်အရုပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပြကွက် တို့ကိုလေ့လာကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ရှိ အမျိုးသားစာကြည့်တိုက်သို့ သွားရောက်ကာ စာကြည့်တိုက်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များကို သွားရောက်လေ့လာခဲ့ပါသည်။ ထိုမှတစ်ဆင့် ပြည်သူ့လွှတ်တော်ရှိ အစည်းဝေးခန်းမသို့ ဧည့်သည်တော်အဖြစ်တက်ရောက်လေ့လာခဲ့ပြီးအစည်းအဝေးပြီးချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီအား လွှတ်တော်အဆောက်အအုံ၊ (C) အဆောင်၊ ဒုတိယထပ်ရှိ အစည်းဝေးခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပြီး ဥက္ကဌကြီးအား သိရှိလိုသောမေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများက မေးမြန်းခဲ့ပါသည်။  လေ့လာရေးအဖွဲ့သည် (၂၄-၉-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် လှေခွင်းတောင် ဘုရားများအား ဖူးမျှော်ကာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ည(၈း၀၀)နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။