Admission

နေ့သင်တန်းလမ်းညွှန်

(ပထမနှစ်)
ကျောင်း၀င်ခွင့်လျှောက်လွှာတင်မည့်သူများအတွက်
  • ကျောင်းသားရေးရာဌာနတွင် ကျောင်း၀င်ခွင့်လျှောက်လွှာထုတ်ယူ၍ ဓါတ်ပုံ (၆) ပုံနှင့်အတူ ကျောင်းသား ကိုယ်ရေးအချက်အလက်များဖြည့်စွက်ပြီး ကျောင်းသားရေးရာဌာနတွင် အချက်အလက်များမှန်ကန်မှုရှိ/မရှိ စစ်ဆေးရမည်။
  • စစ်ဆေးအတည်ပြုပြီး မှန်ကန်မှုရှိသောလျှောက်လွှာကို နေ့သင်တန်းငွေသွင်းဌာနတွင် အတန်းအလိုက် သတ်မှတ်ထားသော ပမာဏအား သွားရောက်ပေးသွင်းရမည်ဖြစ်ပါသည်။
ဘာသာပြောင်းလျှောက်ထားလိုသူများအတွက်
  • မိမိပြောင်းလျှောက်လိုသောဘာသာရပ်သည် (အဆင့်မြင့်ပညာဦးစီးဌာန)မှ သတ်မှတ်ထားသော အမှတ်ပြည့်မှီမှသာ အမှတ်စာရင်း မူရင်း မိတ္တူနှင့်အတူ လျှောက်ထားနိုင်သည်။
  • ဘာသာပြောင်းလျှောက်ထားရန် ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာထုတ်ယူဖြည့်စွက်၍ (မူလဘာသာရပ် ပါမောက္ခ(ဌာနမှူး)၊ ပြောင်းလိုသည့် ဘာသာရပ်၏ ပါမောက္ခ(ဌာနမှူး)များ) ၏ ထောက်ခံချက် လက်မှတ်များပါရှိပြီးမှသာလျှင် ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာအားပြန်လည်အပ်နှံရမည် ဖြစ်ပါသည်။
(ဒုတိယနှစ်နှင့်အထက်သင်တန်းများ)
ကျောင်း၀င်ခွင့်လျှောက်လွှာ တင်သူများအတွက်
  • ကျောင်းဖွင့်သည့်နေ့မှ ၂၁ ရက်အတွင်း ကျောင်းအပ်နှံပြင်းများ ပြုလုပ်ရမည်။
  • ကျောင်းသားဟောင်းများ ပညာဆက်လက်သင်ကြားခွင့်လျှောက်လွှာ ကျောင်းသားရေးရာဌာန တွင် ထုတ်ယူပြီး ကျောင်းသားနှင့်ဆိုင်သော အချက်အလက်များ ဖြည့်သွင်းပြီး၊ ဓါတ်ပုံ (၆) ပုံနှင်အတူ ကျောင်းသားရေးရာဌာနတွင် ၄င်းဖြည့်သွင်းသော အချက်အလက်များမှန်ကန်မှုရှိ/မရှိ စစ်ဆေးရမည်။
  • စစ်ဆေးအတည်ပြုပြီး မှန်ကန်မှုရှိသောလျှောက်လွှာကို ကြွေးစစ်ဌာနတွင် သွားရောက်စစ်ဆေးခြင်း ပြုလုပ်ရမည်။ ကြွေးစစ်ဌာနမှ အတည်ပြုပြီးသော လျှောက်လွှာကို နေ့သင်တန်းငွေသွင်းဌာနတွင် အတန်းအလိုက် သတ်မှတ်ထားသော ပမာဏအား သွားရောက်ပေးသွင်းရမည်ဖြစ်ပါသည်။
ကျောင်းပြောင်းလျှောက်ထားလိုသူများအတွက်
  • ကျောင်းဖွင့်သည့်နေ့မှစ၍ (၂၁)ရက်အတွင်း ပြောင်းရွှေ့လျှောက်ထားရမည်။
  • ကျော်လွန်ပါက လက်ခံမည်မဟုတ်ပါ။
  • ကျောင်းအပ်နှံ ထားသည့် ငွေသွင်းပြေစာမူရင်း၊ မိတ္တူ(၂)စောင်
  • ပြောင်းရွှေ့မည့် တက္ကသိုလ်နှင့်သက်ဆိုင်သည့် မြို့နယ် အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ
  • နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ မူရင်း၊ မိတ္တူ
  • မိဘသည် အစိုးရဝန်ထမ်းဖြစ်ပါက ကျောင်းအပ်ရန်မလိုပါ။

အဝေးသင်တက္ကသိုလ်(ရန်ကုန်အရှေ့ပိုင်းဌာနခွဲ)လမ်းညွှန်

အဝေးသင်ကျောင်းသားကျောင်းသူများ အထူးသတိပြုသိသင့်သော အချက်အလက်များ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အဝေးသင်ဌာနခွဲအနေဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ထုတ်ပြန်သော ညွှန်ကြားချက်များကို အဝေးသင်ကျောင်းသား ၊ ကျောင်းသူများ၊ သိရှိစေရန်အတွက် ဘွဲ့နှင်းသဘင်ကြော်ငြာသင်ပုန်း၊ ငွေလက်ခံကောင်တာများ၊ ရန်ကုန်အရှေ့ပိုင်းဌာနခွဲ၏ ကြော်ငြာသင်ပုန်းနှင့် ကျောင်းသားရေးရာဌာန၊ စာစဉ်ဌာန၊ ထုတ်ဖြန့် ဌာနများတွင် ကြော်ငြာထားပါသည်။ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ၄င်းကြငြာချက်များကို အထူးသတိပြု ဖတ်ရှုပါက ကျောင်းကိစ္စများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေဘဲ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ 

Last modified: Friday, 21 September 2018, 6:28 PM