ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် “ဆက်သွယ်‌ရေးလိမ်လည်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော ငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ အခမ်းအနား” ကို(၆-၈-၂၀၂၅)ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြီး အခမ်းအနားတွင် အမှတ်(၂) မှုခင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ ရဲမှူးတင်အောင်မိုး၊ အမှတ်(၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲအုပ်ကျော်စွာမြင့်၊ အမှတ်(၄၃) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်နေခြည်လင်း တို့က အသီးသီး ဟောပြော ပို့ချခဲ့ပါသည်။