ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်း၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၁၄-၈-၂၀၂၆ ရက်နေ့ အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့ မပါ) နောက်ဆုံးအကြိမ်အဖြစ် တိုးမြှင့်လက်ခံဆောင်ရွက်ပေး မည်ဖြစ်ပါသည်။ ကျောင်းဝင်မှတ်ပုံတင်ခြင်း နောက်ဆုံးရက်ဖြစ်သော ၁၄-၈-၂၀၂၆ ရက်နေ့ နောက်ပိုင်းတွင် မည်သည့်နည်းနှင့်မျှ ကျောင်းအပ်နှံခြင်းကို ခွင့်မပြု (ခွင့်မပြု) ပါသဖြင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ၁၄-၈-၂၀၂၆ ရက်နေ့အတွင်း အချိန်မီ ကျောင်းအပ်နှံရေး ဆောင်ရွက်နိုင်ရန် အတွက် အသိပေးနှိုးဆော် ကြေညာအပ်ပါသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပခြင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို (၄-၈-၂၀၂၆)ရက်နေ့တွင် ပင်မဆောင်၊ ဘုရားခန်း၌ ကျင်းပခဲ့ပါသည်။ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် သန်လျင်မြို့ အောင်သုခ ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ထေရိန္ဒ (အဂ္ဂမဟာပဏ္ဍိတ အဘိဓမ္မာပိဋက မဟာဌာနမှူး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ရန်ကုန်)အမှူးပြုသော ပင့်သံဃာ(၅)ပါးတို့အား ပင့်ဆောင်၍ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့် လှူဒါန်းငွေကျပ် စုစုပေါင်း (၃၁)သိန်းအား ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဗဟုသုတရရှိစေရန်၊ အဆိုပါဦးစီးဌာန၏ လုပ်ငန်းများနှင့် ဆက်စပ်သော ဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြီးလျှင် အလုပ်အကိုင်များ လျှောက်ထားနိုင်စေရန်နှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၂၄-၇-၂၀၂၆) ရက်နေ့တွင် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကို ကျင်းပခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန […]
နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ Technology and Innovation Support Center(TISC)ဖွင့်ပွဲအခမ်းအနား
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် သုတေသီ ဆရာ၊ ဆရာမများ၊ တီထွင်ဖန်တီးသူများနှင့် ကျောင်းသား၊ ကျောင်းသူများ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များကို လွယ်ကူစွာရယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ Technology and Innovation Support Center(TISC) ဖွင့်ပွဲကို (၂၃-၇-၂၀၂၆) ရက်နေ့တွင် ကျောင်းသားနားနေဆောင်(၁)၌ ခေတ္တပါမောက္ခချုပ်က ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ဒုတိယပါမောက္ခချုပ်များ၊ TISC Center တွင် ဦးဆောင် ဆောင်ရွက်မည့် ဆရာ၊ ဆရာမများ၊ သင်ကြား/စီမံ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပါသည်။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု ဗဟိုကော်မတီနှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်သော အသိပညာ ဗဟုသုတရရှိ စေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ရပ်များ လျော့နည်းလာစေရန်အတွက် ရည်ရွယ်၍ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၂၀-၇-၂၀၂၆) ရက်နေ့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို ကျင်းပခဲ့ပါသည်။ ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ၊ ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန […]
