ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် သန်လျင်ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် သင်ကြားနေသော ဘာသာရပ်များအား မိတ်ဆက်ဟောပြောခြင်း အခမ်းအနား ကို (၁၇-၁၀-၂၀၂၅) ရက်နေ့တွင် ဤတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ Grade- 12 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၃၉)ဦး တက်ရောက်ခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်မှ တာဝန်ရှိ သူများက မိမိတို့တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသည့် အထူးပြု ဘာသာရပ်များနှင့် မိတ်ဆက် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။