ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၇)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကျင်းပခြင်း အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း    (၂၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ဤတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြီး အခမ်းအနားသို့ အငြိမ်းစား ပါမောက္ခချုပ်များ၊ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံ/သင်ကြားဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာ စကားပြောကြားပြီး သုတေသနစာတမ်းဖတ်ပွဲအား ဆက်လက် ကျင်းပခဲ့ပါသည်။ သုတေသန စာတမ်း (၈၄) စောင် ဖတ်ကြားတင်သွင်းခြင်းကို (၂၄-၂-၂၀၂၆)မှ (၂၅-၂-၂၀၂၆)ထိ (၂)ရက်တာ ကျင်းပပြီး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘာသာရပ် ပေါင်းစုံဈေးရောင်းပွဲကို (၂၅-၂-၂၀၂၆) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) ကြိမ်မြောက် နေ့သင်တန်းနှင့် အဝေးသင် သင်တန်း ဘွဲ့နှင်းသဘင်အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) ကြိမ်မြောက် နေ့သင်တန်းနှင့် အဝေးသင် သင်တန်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၂-၂-၂၀၂၆ မှ ၂၁-၂-၂၀၂၆ အထိ ဤတက္ကသိုလ်၏ ပင်မ‌ဆောင်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပါမောက္ခချုပ် အမှူးပြုသော စီမံခန့်ခွဲ့ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊  ဘွဲ့ရ မောင်မယ်များနှင့် ဧည့်သည်တော် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် နေ့သင်တန်း (ဝိဇ္ဇာ/သိပ္ပံ)မဟာဘွဲ့-၂၂ဦး၊ ဂုဏ်ထူးဘွဲ့-၃၀ဦး၊ ရိုးရိုးဘွဲ့-၃၈၁ဦးနှင့် အ‌ဝေးသင် သင်တန်း (ဝိဇ္ဇာ/သိပ္ပံ)ရိုးရိုးဘွဲ့-၂၈၅၉ ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် -၃၂၉၂ ဦး အား ပါမောက္ခချုပ်မှ ဘွဲ့ချီးမြှင့်ခဲ့ပါသည်။