ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို (၂၂-၁၁-၂၀၂၆) ရက်နေ့တွင် တက္ကသိုလ်၏ ပင်မဆောင်ဘုရားခန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ စုပေါင်းမဟာဘုံကထိန်ပွဲတွင် အောင်တံခွန် ပရိယတ္တိစာသင်တိုက်နှင့် အောင်သုခပရိယတ္တိစာသင်တိုက်(သန်လျင်)မှ ဦးစီးပဓါန နာယကဆရာတော်(၂)ပါးနှင့် ပင့်သံဃာ(၈)ပါး၊ စုစု‌ပေါင်း (၁၀)ပါးတို့ကို မ,တည်အလှူရှင်များဖြစ်သော ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာမျိုးမင်းထွန်းနှင့် ဇနီးတို့အား အမှူးထားကာ ဒုတိယပါမောက္ခချုပ် ဆရာမကြီးများနှင့် ဌာနအသီးသီးမှ လှူဒါန်းကြသော ငွေပဒေသာပင်များ၊ ဆွမ်းစသော လှူဖွယ်ဝတ္ထု စုစုပေါင်းလှူဒါန်းငွေ နှစ်ရာ့ရှစ်သိန်း နီးပါး တို့ကို ဆပ်ကပ်လှူဒါန်းပြီး ဆရာများတော်များမှ  ရေစက်ချ အနုမောဒနာ တရားချီးမြှင့်ကာ ပါမောက္ခချုပ်က ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးခဲ့ပါသည်။