မျှော်မှန်းချက်
တက္ကသိုလ်သည် ကျောင်းသူကျောင်းသားများကို ဘဝတစ်သက်တာ စဉ်ဆက်မပြတ် တက်ကြွစွာ လေ့လာသင်ယူလိုသော နိုင်ငံ့သားကောင်းများအဖြစ် မွေးထုတ်ပေးသည့် သင်ကြား သင်ယူမှု ဝန်းကျင်ကောင်းတစ်ခု အဖြစ် ဖန်တီးပေးရန် မျှော်မှန်းပါသည်။
လုပ်ငန်းတာဝန်
(က) ခေတ်နှင့် လိုက်လျောညီထွေမှုရှိသော သင်ကြား သင်ယူမှု နည်းစနစ်များကို ဖန်တီးရန်၊
(ခ) ပညာရပ်ဆိုင်ရာ အသုံးချ သုတေသနများ ဆောင်ရွက်ခြင်းနှင့်ပြန်လည် ဆန်းစစ်ခြင်းများကို ခေတ်မီ နည်းပညာသစ်များဖြင့် ဆောင်ရွက်ရန်၊
(ဂ) ပညာပြည့်ဝပြီး ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင် သုံးသပ်ဆုံးဖြတ်နိုင်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သမိုင်း
ဖွင့်လှစ်သည့်နေ့
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကို ၂၅ရက်၊ ဖေဖော်ဝါရီလ၊ ၁၉၉၉ ခုနှစ်တွင် သန်လျင်ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး၊ တက္ကသိုလ်အဆင့်သို့ ၂၂ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၀၀ပြည့်နှစ်တွင် အဆင့်မြှင့်တင်ခဲ့ပါသည်။
အကျယ်အဝန်း - ၁၅၁.၆၀ ဧက
လိပ်စာ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ အမှတ်(၆) လမ်းမကြီးဘေးတွင် တည်ရှိပြီး ၁၅၁.၆၀ ဧက ကျယ်ဝန်းပါသည်။
