ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရန် နှင့် သင်ကြား၊ သင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန် အပတ်စဉ် သောကြာနေ့တိုင်း ကျောင်းသန့်ရှင်းရေး ပြုလုပ်ခြင်း (Friday Campaign)အား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးပါဝင်၍ လုပ်ဆောင်ခဲ့ကြပါသည်။
