အရည်အသွေးအာမခံမှု (QA) အကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် အရည်အသွေးမြင့် အဆင့်မြင့်ပညာရေးကို ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ တက္ကသိုလ် ဆရာ၊ ဆရာမများအနေဖြင့်  အရည်အသွေးရှိသော သင်ကြား၊ သင်ယူမူ စနစ်များ သိရှိနားလည် သဘောပေါက်စေရေး၊ အရည်အသွေး အာမခံမှု စံသတ်မှတ်ချက်များ သိရှိလိုက်နာကျင့်သုံးနိုင်ရေးအတွက် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၄-၆-၂၀၂၆) ရက်နေ့တွင် အရည်အသွေးအာမခံမှု (QA) အကြောင်း သိကောင်းစရာ ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာအောင်က သင်ကြား သင်ယူမှု ချဉ်းကပ်မှု နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။