Dr. Khin San Wint
Professor (Head of Department)
1.
Professor
3
2.
Associate Professor
4
3.
Lecturer
4
4.
Assistant Lecturer
-
5.
Tutor
9
6.
Office Staff
1
Total
21

(၁၉၉၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကို သန်လျင် ကောလိပ်အဖြစ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ မြန်မာစာဌာန၊ ပါမောက္ခ (ဌာနမှူး)များမှာ ဒေါ်မာမာဝေ(၁၉၉၉-၂၀၀၀)၊ ဒေါ်မြမြဝင်း(၂၀၀၀-၂၀၀၆)၊ ဒေါ်စိုးမြင့် (၂၀၀၆-၂၀၀၇)၊ Dr.ထိန်ဝင်း(၂၀၀၈-၂၀၀၉)၊ Dr.ဌေးလွင် (၂၀၀၉-မတ်လမှဩဂုတ်လ)၊ ဒေါ်အေးအေးမြင့် (၂၀၀၉-၂၀၁၄)၊ Dr.တင်တင်မွှန်း (၂၀၁၅-၂၀၁၉)၊ Dr.ခင်မမ (၂၀၁၉-၂၀၂၀)၊ Dr. တင်တင်ချို (၂၀၂၀-၂၀၂၁)၊ Dr.ထက်ထက်အောင် (၂၀၂၁) ၊ Dr.သင်းသင်းစိုး (၂၀၂၁ -ယနေ့ထိ)တို့ ဖြစ်ပါသည်။ မြန်မာစာဌာနအနေဖြင့် BA ၊ BA( Honours ) ၊ BA(Q) နှင့် MA ဘွဲ့များအတွက်ရည်ရွယ်၍ ပို့ချပေးလျက်ရှိပါသည်။ ဆရာဆရာမများ အရည်အသွေးမြင့်မားရေးအတွက် သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

Day – BA ( Myanmar )

BA ( Hons) ( Myanmar )

MA ( Myanmar )

UDE – BA ( Myanmar )

 

ဌာနမှလုပ်ဆောင်ပေးနိုင်သော လုပ်ငန်း

-         ဝိဇ္ဇာပညာရပ်သည် စိတ်ကူးဉာဏ်ပိုင်းကို ပိုမိုအားပြုသောဘာသာရပ်ဖြစ်၍ သိပ္ပံပညာရပ် သည် လက်တွေ့ကို အဓိကထားရသောပညာရပ်ဖြစ်သည်။ ဝိဇ္ဇာပညာရပ်နှင့်သိပ္ပံပညာရပ်တို့ ဟန်ချက်ညီစွာပေါင်းစပ်မှသာ ပြီးပြည့်စုံသောပညာရပ်များကိုရရှိမည်ဖြစ်သည်။

-         မြန်မာစာဘာသာရပ်အနေဖြင့် လူမှုရေးဆိုင်ရာသွင်ပြင်လက္ခဏာများ (Social aspects) ၊ ကိုယ်ကျင့်တရားဆိုင်ရာသွင်ပြင်လက္ခဏာများ (Ethical aspects) ၊ စိတ်ပိုင်းဆိုင်ရာသွင်ပြင် လက္ခဏာများ (Psychological aspects) ၊ ဓလေ့ထုံးတမ်းဆိုင်ရာသွင်ပြင်လက္ခဏာများ(Legal aspects) များကို သိရှိကျင့်ကြံနိုင်အောင် စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။

-         မြန်မာစာဘာသာရပ်အနေဖြင့်

(၁) လူမှုဗေဒ (Sociology)

(၂) ဘာသာဗေဒ (Linguistics)

(၃) စာရိတ္တပညာ (Moral education) တို့ကို သင်ကြားပေးနိုင်မည်ဖြစ်သည်။

-         လူမှုဗေဒသည် လူ့အဖွဲ့အစည်းအကြောင်းကို လေ့လာသောပညာြဖစ်သည်။ လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူမှုဗေဒသည် များစွာအထောက်အကူ ပြုသည်။ လူ့အဖွဲ့အစည်းတစ်ခု၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုသွင်ပြင်လက္ခဏာများကို လူမှုဗေဒတွင် လေ့လာနိုင်သည်။

-         ဘာသာဗေဒသည် ဘာသာစကားကို စနစ်တကျလေ့လာသောပညာဖြစ်သည်။ ဘာသာဗေဒ ပညာ တတ်ကျွမ်းခြင်းဖြင့် မည်သည့်ဘာသာစကားကိုမဆို စနစ်တကျလေ့လာနိုင် သည်။

-         နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် စာရိတ္တသည်အရေးကြီးသည့်မဏ္ဍိုင်တစ်ခုဖြစ်သည်။ ပြောင်းလဲတိုးတက်လာသော ခေတ်ကာလနှင့်အညီ စာရိတ္တပညာမှာ လူ့အဖွဲ့အစည်းတွင် ပိုမိုလိုအပ်လျှက်ရှိပြီး အဆင့်မြင့်ပညာကဏ္ဍတွင်လည်း အထူးလိုအပ်သောပညာရပ်တစ်ခု ဖြစ်သည်။

  1. ၁။ အေးချမ်းသာယာပြီး ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ်တည်ဆောက်ရာတွင် မြန်မာစာဘာသာရပ်၌ ကျွမ်းကျင်သော အသိပညာရှင်များ ပေါ်ထွန်းလာစေရန်။
  2. ၂။ ပညာစွမ်းရည်၊ ဉာဏစွမ်းရည်၊ လူမှုစွမ်းရည်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးတွင် မြန်မာစာဘာသာရပ်နယ်ပယ်က ဘက်ပေါင်းစုံမှ အထောက်အကူ ပြုနိုင်ရန်။
  3. ၃။ နိုင်ငံတော်တွင် ဒေသအလိုက်လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် တည်တံ့ခိုင်မြဲစေရေးအတွက် မြန်မာစာဘာသာရပ်သည် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်း ပေးနိုင်ရန်။
  • မြန်မာတစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားရေး
  • အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
  • မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
  • တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးတို့အတွက် မြန်မာစာ ဘာသာရပ်က တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး