
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ သုတေသနစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို၂၃-၁၀-၂၀၂၅ ရက်နေ့တွင် ဤတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဘာသာရပ်ဌာန ၁၉ ခုမှ ဆရာ၊ ဆရာမများ၊ မဟာသိပ္ပံ၊ မဟာဝိဇ္ဇာနှင့် မဟာအရည်အချင်းစစ်သင်တန်းတက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဘာသာစကား၊ လူမှုသိပ္ပံ၊ သဘာဝသိပ္ပံ၊ သက်ရှိ သိပ္ပံ ဘာသာရပ်များကိုယ်စားပြု ပါမောက္ခနှင့် တွဲဖက်ပါမောက္ခ ဆရာ၊ ဆရာမ ၆ ဦးမှ ဆွေးနွေးပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သုတေသနစကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။





