ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ(အမျိုးသား/အမျိုးသမီး) (၂၂-၈-၂၀၂၅ မှ ၂၅-၈-၂၀၂၅ ထိ) ကျင်းပခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အဆိုပြိုင်ပွဲအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အဆိုပြိုင်ပွဲအခမ်းအနားကို (၁၉-၈-၂၀၂၅) တွင်ကျင်းပခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆက်သွယ်‌ရေးလိမ်လည်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် “ဆက်သွယ်‌ရေးလိမ်လည်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော ငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ အခမ်းအနား” ကို(၆-၈-၂၀၂၅)ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြီး အခမ်းအနားတွင် အမှတ်(၂) မှုခင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ ရဲမှူးတင်အောင်မိုး၊ အမှတ်(၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲအုပ်ကျော်စွာမြင့်၊ အမှတ်(၄၃) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်နေခြည်လင်း တို့က အသီးသီး ဟောပြော ပို့ချခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား” ကို (၁၈-၇-၂၀၂၅)ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြီး အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍  ဟောပြောခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်  (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ အခမ်းအနားကို (၇-၇-၂၀၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။