ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများ နှင့်အတူ (၂-၅-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများမှ ဆောက်လုပ်မည့် မြေနေရာကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
