ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရုက္ခဗေဒဌာနမှ နေပြည်တော်သို့လေ့လာရေးခရီးသွားရောက်ခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရုက္ခဗေဒဌာနမှ ပါ‌မောက္ခ ဒေါက်တာ ဒေါ်ခင်ချိုချိုဦးနှင့် ခေါင်းဆောင်ကြီးကြပ်သူဆရာမများနှင့်ကျောင်းသားကျောင်းသူ ၃၅ ဦးတို့သည် ၂၂-၉-၂၀၂၆ ရက်နေ့ နံနက် ၆နာရီခွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ စတင်ထွက်ခွာခဲ့ကာ နေ့လယ် (၁း၀၀)နာရီတွင် နေပြည်တော်သို့ရောက်ရှိပြီး မြန်မာ့တိုင်းရင်းဆေးပညာပြတိုက်သို့ သွားရောက် လေ့လာခဲ့ပါသည်။ ထိုတိုင်းရင်းဆေးပြတိုက်တွင် မြန်မာရှေးတိုင်းရင်းဆေးသမားတော်ကြီးတို့၏ ဆေးကျမ်းများနှင့် ဆေးဖော်စပ်ခဲ့သည့်ရှေးဟောင်းကိရိယာ ယန္တရားများ၊ ကိုဗစ် ၁၉အတွက် ဖော်စပ်ထားသည့် ဆေးနံ့သာတို့ကိုလေ့လာခဲ့ပြီး နေ့လယ် ၃နာရီ၁၅မိနစ်တွင် ပရဆေးဥယျာဉ်သို့ ရောက်ရှိကာဆေးဖက်ဝင်အ‌ပင်အမျိုးမျိုးကိုလေ့လာကြည့်ရှုခဲ့ပါသည်။ ထို့နောက် ညနေ၆နာရီတွင် မာရဝိဇယ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့ပါသည်။ ၂၃-၉-၂၀၂၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့သွား ရောက်လေ့လာခဲ့ပြီး လွှတ်တော် အစည်းအဝေးခန်းမ၊ တိုင်းရင်းသားရိုးရာဝတ်စုံဆင်ယင်ထားသည့် အရုပ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပြကွက်တို့ကိုလေ့လာကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်ရှိ အမျိုးသားစာကြည့်တိုက်သို့ သွားရောက်ကာ စာကြည့်တိုက်၏ […]

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာန  ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ Factory Visit လေ့လာရေးခရီးသွားရောက်ခြင်း

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ  ဆရာမများနှင့် ကျောင်းသား/သူများသည် ၃-၉-၂၀၂၆ နှင့် ၄-၉-၂၀၂၆ ရက်နေ့များတွင် ပန်းတနော်မြို့နယ် သူဌေးချောင်း ကျေးရွာရှိ Global Earth Agro and Aqua Industry Public Company Limited သို့ လေ့လာရေးခရီး Factory Visit သွားရောက်ခဲ့ပြီး ငါးသားဖောက်ခြင်း လုပ်ငန်းများ အကြောင်း၊ စက်ရုံလည်ပတ်ရန်အတွက် လိုအပ်သောစွမ်းအင်ကို စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း စပါးခွံမှနည်း၂ မျိုးဖြင့် ထုတ်လုပ်ခြင်းအကြောင်း၊ ငါးကို အခြေခံသောအသင့်စား ထုတ်ကုန်ပစ္စည်းနှင့် အေးခဲပစ္စည်းများ ထုတ်လုပ်ခြင်း အကြောင်း တို့ကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ “ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ”ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တက္ကသိုလ်အားကစားခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့၏ ဉာဏ်ရည်၊ အာရုံစူးစိုက်မှုနှင့် စစ်တုရင်ကစားစွမ်းရည်များကို အပြိုင်အဆိုင် ထုတ်ဖော်ပြသခဲ့ကြပါသည်။ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ခေတ္တပါမောက္ခချုပ် ဆရာကြီးက စစ်တုရင်အရုပ်အား ကိုယ်တိုင်ရွှေ့၍ ပြိုင်ပွဲကို အခမ်းအနားနှင့်အညီ ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆင့်မြင့်ပညာကဏ္ဍ၊ သင်ကြား သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များအား ရှင်းလင်း ဟောပြောပွဲ

နေပြည်တော်ရှိ Naypyitaw State Academy တွင် ဇူလိုင်လ (၁၄)ရက်မှ (၁၅)ရက်ထိ ကျင်းပပြုလုပ်ခဲ့သော အဆင့်မြင့်ပညာကဏ္ဍ၊ သင်ကြား သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များအား ရှင်းလင်း ဟောပြောပွဲကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၄-၈-၂၀၂၆) ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် Digital ပညာရေးစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ပထဝီဝင်ဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာကြည်လင့် က အဝေးသင်ပညာရေးစနစ်နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပို့ချခဲ့ပြီး ဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်စောဦးက အရည်အသွေးအာမခံမှုစနစ် (QA)နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို (၄-၈-၂၀၂၆) ရက်နေ့တွင် တက္ကသိုလ်၏ ပင်မဆောင် ဘုရားခန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် ပါမောက္ခချုပ်အား အမှူးထား၍ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက သံဃာတော်များထံမှ သီလပေးတရားနာယူ၍  လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။