
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများ နှင့်အတူ (၂-၅-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Centre)တည်ဆောက်မည့် မြေနေရာနှင့် ဘွဲ့နှင်းသဘင်တည်ဆောက်ရန် လျာထားသည့် မြေနေရာတို့ကို လာရောက်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်း နှင့် တာဝန်ရှိသူများက အဆောက်အအုံ ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပါသည်။




