ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်း

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ (၇-၁၁-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ လာရောက်ပြီး တက္ကသိုလ်အစည်းအဝေးခန်းမတွင် ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာဆရာမများ နှင့်တွေ့ဆုံရာတွင် သင်ကြားရေးနှင့်စပ်လျဉ်း၍ အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ (Workshop)များ ကျင်းပ၍ သင်ကြားရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဝေးသင်စနစ်သင်ကြားရေးတွင် ဝိဇ္ဇာဘာသာရပ်များအတွက်(Assignment) နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ရာ ပထမတစ်ကြိမ်ကို သတ်မှတ်ထားသည့် အချိန်အတိုင်း ပုံမှန်တင်သွင်းရမည်ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကို ကျောင်းသို့ လူကိုယ်တိုင် လာရောက်အတန်းတက်ရောက်၍ သင်ယူမှုနှင့်အတူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မေးခွန်းများထုတ်ရာတွင် ကျောင်းသားကျောင်းသူများ၏ တတ်မြောက်မှုကို ထိရောက်စွာ ဆန်းစစ်အကဲဖြတ်နိုင်ရန် မေးခွန်းများကို စနစ်တကျ ပြင်ဆင်ပြောင်းလဲသွားမည်ဖြစ်သည့်အတွက် ကျောင်းသားများကို ထိရောက်စွာသင်ကြားပြသပေးနိုင်ရေး ဆရာဆရာမများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ အသက်မွေးဝမ်းကြောင်းတွင် မြန်မာစာကို ရေးတတ်၊ ဖတ်တတ်ရုံမျှမကဘဲ စနစ်တကျတတ်မြောက်သွားစေရန်နှင့် […]

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရုက္ခဗေဒဌာနမှ နေပြည်တော်သို့လေ့လာရေးခရီးသွားရောက်ခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရုက္ခဗေဒဌာနမှ ပါ‌မောက္ခ ဒေါက်တာ ဒေါ်ခင်ချိုချိုဦးနှင့် ခေါင်းဆောင်ကြီးကြပ်သူဆရာမများနှင့်ကျောင်းသားကျောင်းသူ ၃၅ ဦးတို့သည် ၂၂-၉-၂၀၂၆ ရက်နေ့ နံနက် ၆နာရီခွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ စတင်ထွက်ခွာခဲ့ကာ နေ့လယ် (၁း၀၀)နာရီတွင် နေပြည်တော်သို့ရောက်ရှိပြီး မြန်မာ့တိုင်းရင်းဆေးပညာပြတိုက်သို့ သွားရောက် လေ့လာခဲ့ပါသည်။ ထိုတိုင်းရင်းဆေးပြတိုက်တွင် မြန်မာရှေးတိုင်းရင်းဆေးသမားတော်ကြီးတို့၏ ဆေးကျမ်းများနှင့် ဆေးဖော်စပ်ခဲ့သည့်ရှေးဟောင်းကိရိယာ ယန္တရားများ၊ ကိုဗစ် ၁၉အတွက် ဖော်စပ်ထားသည့် ဆေးနံ့သာတို့ကိုလေ့လာခဲ့ပြီး နေ့လယ် ၃နာရီ၁၅မိနစ်တွင် ပရဆေးဥယျာဉ်သို့ ရောက်ရှိကာဆေးဖက်ဝင်အ‌ပင်အမျိုးမျိုးကိုလေ့လာကြည့်ရှုခဲ့ပါသည်။ ထို့နောက် ညနေ၆နာရီတွင် မာရဝိဇယ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့ပါသည်။ ၂၃-၉-၂၀၂၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့သွား ရောက်လေ့လာခဲ့ပြီး လွှတ်တော် အစည်းအဝေးခန်းမ၊ တိုင်းရင်းသားရိုးရာဝတ်စုံဆင်ယင်ထားသည့် အရုပ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပြကွက်တို့ကိုလေ့လာကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်ရှိ အမျိုးသားစာကြည့်တိုက်သို့ သွားရောက်ကာ စာကြည့်တိုက်၏ […]

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာန  ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ Factory Visit လေ့လာရေးခရီးသွားရောက်ခြင်း

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ  ဆရာမများနှင့် ကျောင်းသား/သူများသည် ၃-၉-၂၀၂၆ နှင့် ၄-၉-၂၀၂၆ ရက်နေ့များတွင် ပန်းတနော်မြို့နယ် သူဌေးချောင်း ကျေးရွာရှိ Global Earth Agro and Aqua Industry Public Company Limited သို့ လေ့လာရေးခရီး Factory Visit သွားရောက်ခဲ့ပြီး ငါးသားဖောက်ခြင်း လုပ်ငန်းများ အကြောင်း၊ စက်ရုံလည်ပတ်ရန်အတွက် လိုအပ်သောစွမ်းအင်ကို စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း စပါးခွံမှနည်း၂ မျိုးဖြင့် ထုတ်လုပ်ခြင်းအကြောင်း၊ ငါးကို အခြေခံသောအသင့်စား ထုတ်ကုန်ပစ္စည်းနှင့် အေးခဲပစ္စည်းများ ထုတ်လုပ်ခြင်း အကြောင်း တို့ကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ “ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ”ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တက္ကသိုလ်အားကစားခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့၏ ဉာဏ်ရည်၊ အာရုံစူးစိုက်မှုနှင့် စစ်တုရင်ကစားစွမ်းရည်များကို အပြိုင်အဆိုင် ထုတ်ဖော်ပြသခဲ့ကြပါသည်။ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ခေတ္တပါမောက္ခချုပ် ဆရာကြီးက စစ်တုရင်အရုပ်အား ကိုယ်တိုင်ရွှေ့၍ ပြိုင်ပွဲကို အခမ်းအနားနှင့်အညီ ဖွင့်လှစ်ပေးခဲ့ပါသည်။

စာကြည့်တိုက်နှင့်သုတပညာဌာန၊ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် စာကြည့်တိုက်လေ့လာရေးခရီးစဉ်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာဌာနမှ ဆရာမ(၈)ဦး နှင့် ပထမနှစ် မှ မဟာတန်းအထိ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး၊  စုစုပေါင်း (၃၃)ဦး တို့သည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၏ စာကြည့်တိုက်လေ့လာရေးခရီးစဉ်အဖြစ် (၂၇-၈-၂၀၂၆) ရက်မှ (၂၈-၈-၂၀၂၆) ရက် အထိ (၂)ရက်တာ လေ့လာရေးခရီးထွက်ခဲ့ပါသည်။ လေ့လာရေးခရီးစဉ်အဖြစ် (၂၇-၈-၂၀၂၆) ရက်တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) နှင့် အမျိုးသားပြတိုက်(နေပြည်တော်)၊ (၂၈-၈-၂၀၂၆)ရက်တွင် လွှတ်တော်စာကြည့်တိုက် နှင့် တပ်မတော်စစ်သမိုင်းပြတိုက် တို့ကို သွားရောက်လေ့လာခဲ့ပါသည်။