အရည်အသွေးအာမခံမှု (QA) အကြောင်း သိကောင်းစရာ ဟောပြောပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် အရည်အသွေးမြင့် အဆင့်မြင့်ပညာရေးကို ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ တက္ကသိုလ် ဆရာ၊ ဆရာမများအနေဖြင့်  အရည်အသွေးရှိသော သင်ကြား၊ သင်ယူမူ စနစ်များ သိရှိနားလည် သဘောပေါက်စေရေး၊ အရည်အသွေး အာမခံမှု စံသတ်မှတ်ချက်များ သိရှိလိုက်နာကျင့်သုံးနိုင်ရေးအတွက် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၄-၆-၂၀၂၆) ရက်နေ့တွင် အရည်အသွေးအာမခံမှု (QA) အကြောင်း သိကောင်းစရာ ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာအောင်က သင်ကြား သင်ယူမှု ချဉ်းကပ်မှု နည်းလမ်းများ အကြောင်းကို ဟောပြောပို့ချခဲ့ပါသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အပတ်စဉ်‌ သောကြာနေ့တိုင်း ကျောင်းသန့်ရှင်းရေး ပြုလုပ်ခြင်း (Friday Campaign)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရန် နှင့် သင်ကြား၊ သင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန် အပတ်စဉ်‌ သောကြာနေ့တိုင်း ကျောင်းသန့်ရှင်းရေး ပြုလုပ်ခြင်း (Friday Campaign)အား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးပါဝင်၍ လုပ်ဆောင်ခဲ့ကြပါသည်။

ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများပြုလုပ်ခြင်း (Friday Talk)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၏ သက်ဆိုင်ရာ ဘာသာရပ်များတွင် ကျွမ်းကျင်မှုရှိစေရန်၊ ဝါရင့် ဆရာကြီး၊ ဆရာမကြီးများ၏ အတွေ့အကြုံများ လက်ဆင့်ကမ်းပေးနိုင်ရန်၊ ဆရာ၊ ဆရာမအချင်းချင်း ပညာရပ်ဆိုင်ရာများကို အပြန်အလှန် သင်ယူနိုင်ရန်၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည် စဉ်ဆက်မပြတ် တိုးတက်လာစေရန် ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများအား  ဘာသာရပ်ဌာနများတွင် အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ခဲ့ပါသည်။

တက္ကသိုလ် ဆရာ၊ ဆရာမများ၏ သင်ကြား၊ သင်ယူမူ စွမ်းဆောင်ရည် ကျွမ်းကျင်မြင့်မားရေး (Interactive Teaching and Learning in Higher Education )ဟောပြောပွဲကျင်းပခြင်း

တက္ကသိုလ် ဆရာ၊ ဆရာမများ၏ သင်ကြား၊ သင်ယူမူ စွမ်းဆောင်ရည် ကျွမ်းကျင်မြင့်မား ရေးအတွက် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၅-၅-၂၀၂၆) ရက်နေ့တွင် Interactive Teaching and Learning in Higher Education ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ်ဒေါက်တာမျိုးမင်းထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဘူမိဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်ဇော်မြင့်က ထိ‌ရောက်သော သင်ကြား၊ သင်ယူမူဆိုင်ရာ နည်းစနစ်များအကြောင်း ဟောပြောပို့ချခဲ့ပါသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာနဌာနများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ပညာရပ်ဆိုင်ရာ သုတေသနရေးသားနည်း အခမ်းအနား

တက္ကသိုလ် ဆရာ၊ ဆရာမများ သုတေသနစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးမြင့် အသုံးချသုတေသနများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် (၁၄-၅-၂၀၂၆) ရက်နေ့တွင် ပညာရပ်ဆိုင်ရာ သုတေသနရေးသားနည်း အခမ်းအနားကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မနုဿဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန္ဒာအောင်က ဟောပြောပို့ချခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။