ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၏ သက်ဆိုင်ရာ ဘာသာရပ်များတွင် ကျွမ်းကျင်မှုရှိစေရန်၊ ဝါရင့် ဆရာကြီး၊ ဆရာမကြီးများ၏ အတွေ့အကြုံများ လက်ဆင့်ကမ်းပေးနိုင်ရန်၊ ဆရာ၊ ဆရာမအချင်းချင်း ပညာရပ်ဆိုင်ရာများကို အပြန်အလှန် သင်ယူနိုင်ရန်၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည် စဉ်ဆက်မပြတ် တိုးတက်လာစေရန် ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများအား ဘာသာရပ်ဌာနများတွင် အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ခဲ့ပါသည်။
