ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ (၂၆)ကြိမ်မြောက် မဟာဘုံကထိန်ပွဲ ကျင်းပခြင်းအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၆) ကြိမ်မြောက် မဟာဘုံကထိန်ပွဲအား  (၂၀-၁၀-၂၀၂၅) ရက်နေ့တွင် ပင်မဆောင်၊ ဘုရားခန်း၌ ကျင်းပခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဌာနအသီးသီးမှ ပဒေသာပင်များအား ပို့ဆောင် လှူဒါန်းခဲ့ပါသည်။

သန်လျင်ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် သင်ကြားနေသော ဘာသာရပ်များအား မိတ်ဆက်ဟောပြောခြင်း အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် သန်လျင်ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် သင်ကြားနေသော ဘာသာရပ်များအား မိတ်ဆက်ဟောပြောခြင်း အခမ်းအနား ကို (၁၇-၁၀-၂၀၂၅) ရက်နေ့တွင် ဤတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ Grade- 12 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၃၉)ဦး တက်ရောက်ခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်မှ တာဝန်ရှိ သူများက မိမိတို့တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသည့် အထူးပြု ဘာသာရပ်များနှင့် မိတ်ဆက် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။

အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် သီဆိုခြင်း

အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် သီဆိုခြင်းအား ပြုလုပ်ခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ(အမျိုးသား/အမျိုးသမီး) (၂၂-၈-၂၀၂၅ မှ ၂၅-၈-၂၀၂၅ ထိ) ကျင်းပခဲ့ပါသည်။