သတင်းနှင့် လှုပ်ရှားမှုများ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သင်ကြား၊ သင်ယူမူ စွမ်းဆောင်ရည် ကျွမ်းကျင်မြင့်မားရေး ဟောပြောပွဲ (Interactive Teaching and Learning in Higher Education )

တက္ကသိုလ် ဆရာ၊ ဆရာမများ၏ သင်ကြား၊သင်ယူမူ စွမ်းဆောင်ရည် ကျွမ်းကျင်မြင့်မား ရေးအတွက် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၅-၅-၂၀၂၆) ရက်နေ့တွင် Interactive Teaching and Learning in Higher Education ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ်ဒေါက်တာမျိုးမင်းထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဘူမိဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်ဇော်မြင့်က ထိ‌ရောက်သော သင်ကြား၊ သင်ယူမူဆိုင်ရာ နည်းစနစ်များအကြောင်း ဟောပြောပို့ချခဲ့ပါသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပညာရပ်ဆိုင်ရာသုတေသန ရေးသားနည်းအကြောင်း ဟောပြောပွဲ

တက္ကသိုလ်ဆရာ၊ ဆရာမများ၏ သုတေသနစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးမြင့် အသုံးချသုတေသနများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  (၁၄-၅-၂၀၂၆) ရက်နေ့တွင် သုတေသနလုပ်ထုံးလုပ်နည်းဆိုင်ရာ ဟောပြောပွဲ ကို ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး မနုဿဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာစန္ဒာအောင်မှ ပညာရပ် ဆိုင်ရာသုတေသန ရေးသားနည်းအကြောင်း ဟောပြောပို့ချခဲ့ပါသည်။ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ (ဌာနမှူး) များနှင့် ဘာသာရပ်ဌာန (၁၉) ဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ ကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

Naypyitaw State Academy ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် တက်ရောက်ခြင်း

(၅-၅-၂၀၂၆)ရက်နေ့တွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူရည်ချွန်များ ဖြစ်သော ပထမနှစ်၊ သင်္ချာ ကျောင်းသား(၁)ဦး၊ ဒုတိယနှစ်၊ အင်္ဂလိပ်စာ ကျောင်းသူ(၁)ဦးနှင့် တာဝန်ရှိ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Centre)တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်း

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများ နှင့်အတူ (၂-၅-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင်  ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Centre)တည်ဆောက်မည့် မြေနေရာနှင့် ဘွဲ့နှင်းသဘင်တည်ဆောက်ရန် လျာထားသည့် မြေနေရာတို့ကို လာရောက်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်း နှင့် တာဝန်ရှိသူများက အဆောက်အအုံ ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင် ဂုဏ်ပြုပွဲအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင် ဂုဏ်ပြုပွဲအခမ်းအနားကို (၇-၄-၂၀၂၆)ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ခေတ္တပါမောက္ခချုပ်နှင့်တကွ ဒုတိယပါမောက္ခချုပ်များ၊ နှစ်လည်မဂ္ဂဇင်းစာမူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။