
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို (၄-၈-၂၀၂၆) ရက်နေ့တွင် တက္ကသိုလ်၏ ပင်မဆောင် ဘုရားခန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် ပါမောက္ခချုပ်အား အမှူးထား၍ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက သံဃာတော်များထံမှ သီလပေးတရားနာယူ၍ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။








