
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရုက္ခဗေဒအထူးပြု ပထမနှစ်(၃၇)ဦး၊ ဒုတိယနှစ်(၁၂)ဦး၊ စတုတ္ထနှစ် (၈)ဦး၊ ဒုတိယနှစ်ဂုဏ်ထူးတန်း(၂)ဦး၊ တတိယနှစ်ဂုဏ်ထူးတန်း(၄)ဦး နှင့် မဟာသိပ္ပံ အရည်ချင်းစစ်သင်တန်း(၂)ဦး ၊ ကြီးကြပ်သူပါမောက္ခ (၁)ဦး၊ ကထိကဆရာမ (၁) ဦး၊ သရုပ်ပြဆရာမ (၄)ဦး၊ စုစုပေါင်း (၇၁)ဦး တို့သည် Fame ဆေးဝါးထုတ်လုပ်ရေးစက်ရုံ သို့ (၉.၇.၂၀၂၆) တွင် သွားရောက် လေ့လာခဲ့ပါသည်။ အပင်များ၏ ဆေးဖက်ဝင်ပုံ၊ အပင်များကို ဆေးဝါး ထုတ်လုပ်ရန် စနစ်တကျ သိုလှောင်သိမ်းဆည်းပြီး၊ ဆေးဝါးအဖြစ်သို့ စနစ်တကျ ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် Caner museum ကို စက်ရုံမှတာဝန်ရှိသူများက ရှင်းပြခဲ့ပါသည်။ စက်ရုံတွင် အုပ်စု (၃)စုခွဲ၍ လေ့လာခဲ့ပါသည်။ လေ့လာရေး ခရီးစဉ်တွင် ဘာသာရပ်နှင့်သက်ဆိုင်သော ဗဟုသုတများကို ရရှိစေခဲ့ပါသည်။




