ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ “ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ”ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တက္ကသိုလ်အားကစားခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့၏ ဉာဏ်ရည်၊ အာရုံစူးစိုက်မှုနှင့် စစ်တုရင်ကစားစွမ်းရည်များကို အပြိုင်အဆိုင် ထုတ်ဖော်ပြသခဲ့ကြပါသည်။ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ခေတ္တပါမောက္ခချုပ် ဆရာကြီးက စစ်တုရင်အရုပ်အား ကိုယ်တိုင်ရွှေ့၍ ပြိုင်ပွဲကို အခမ်းအနားနှင့်အညီ ဖွင့်လှစ်ပေးခဲ့ပါသည်။
