ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ သည် မိတ်ဆွေ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

၂၀၂၆ ခုနှစ် ဇူလိုင်လ(၇)ရက် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် အသိပညာပေး ဟောပြောပွဲကို (၆-၇-၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀) နာရီတွင် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။  ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)က “ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့သည် မိတ်ဆွေ”ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာဦးဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဧည့်သည်တော် အငြိမ်းစား ပါမောက္ခချုပ် ဆရာကြီး(၂)ဦးနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ တာဝန်ရှိသူများက အမှတ်တရ သစ်ပင်စိုက်ပျိုးပေးခဲ့ပါသည်။

အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair 2026)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသော နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ကျောင်းပြီးလျှင် ပြီးချင်း လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် ခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍  အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၃-၆-၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ   (Job Fair 2026) ကို ကျင်းပခဲ့ပါသည်။ အဆိုပါ ပြပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကုမ္ပဏီ(၆)ခုဖြစ်သော Eager Communications Group Co.,Ltd, SMY Pharmaceutical Co.,Ltd, Myanmar Consumer Enterprise Ltd, City Holding Limited, Green Food Science & Development Co.,Ltd, Ocean Princess Co.,Ltd  များမှ […]

ရန်ကုန်ဇုန် တက္ကသိုလ်များအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အမျိုးသားဘောလုံးအသင်း ချန်ပီယံတံခွန်စိုက်ဆုဖလားဆုရရှိခြင်းနှင့် EYU ချန်ပီယံဘောလုံး အသင်းအား ဂုဏ်ပြုပွဲကျင်းပခြင်း

ရန်ကုန်ဇုန် တက္ကသိုလ်များအဆင့် ဘောလုံး၊ ဘော်လီဘောနှင့် ဖူဆယ်ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (EYU)မှ အမျိုးသား ဘောလုံး အသင်းနှင့် အမျိုးသားဘော်လီဘောအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အမျိုးသားဘောလုံးအသင်းသည် အဆင့်ဆင့်သော ပွဲစဉ်များတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြသကာ ပွဲစဉ်အလိုက် အနိုင်ရလဒ်များ ဖော်ဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ချန်ပီယံတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိခဲ့ပါသည်။ မိမိတို့တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သော “အောင်လံလွှင့်ထူ EYU” နှင့်အညီကျောင်းဂုဏ်ဆောင်နိုင်ခဲ့သည့် ချန်ပီယံ EYU ဘောလုံးအသင်းအား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မိသားစုတစ်ခုလုံးမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

မှတ်ဉာဏ်အကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ရည်ရွယ်၍ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၉-၆-၂၀၂၆) ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး FAME ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က မှတ်ဉာဏ် ခေါင်းစဉ်ဖြင့်  ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ် ဌာန(၁၉) ဌာနမှ ဆရာ၊ ဆရာမများ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

“English Language Proficiency Enhancement Course” သင်တန်းဖွင့်လှစ်ခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ အင်္ဂလိပ်စာ အရည်အသွေးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ “English Language Proficiency Enhancement Course” သင်တန်းအား (၉-၆-၂၀၂၆) ရက်နေ့မှ (၁၀-၇-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်း   ဖွင့်ပွဲအခမ်းအနားကို  တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၉-၆-၂၀၂၆) ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အင်္ဂလိပ်စာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကြည်မှ သင်တန်းနှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။