ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ အင်္ဂလိပ်စာ အရည်အသွေးတိုးတက် လာစေရန်အတွက် ရည်ရွယ်၍ “English Language Proficiency Enhancement Course” သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၉-၆-၂၀၂၆) ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အင်္ဂလိပ်စာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကြည်မှ သင်တန်းနှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။