
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ရည်ရွယ်၍ ဤတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၉-၆-၂၀၂၆) ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး FAME ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က မှတ်ဉာဏ် ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉) ဌာနမှ ဆရာ၊ ဆရာမများ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။






