
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းသည် တာဝန်ရှိသူများနှင့်အတူ (၁၉-၁၁-၂၀၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ အပန်းဖြေရိပ်သာ(Recreation Centre)ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီ ကောင်းမွန်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီပြီးမြောက်စေရေး ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။






