အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair 2026) ကျင်းပခြင်း အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသော နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ကျောင်းပြီးလျှင် ပြီးချင်း လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် ခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၃-၆-၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair 2026)ကို ကျင်းပခဲ့ပါသည်။ အဆိုပါ ပြပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကုမ္ပဏီ(၆)ခုဖြစ်သော Eager Communications Group Co.,Ltd, SMY Pharmaceutical Co.,Ltd, Myanmar Consumer Enterprise Ltd, City Holding Limited, Green Food Science & Development Co.,Ltd, Ocean Princess Co.,Ltd များမှ တာဝန်ရှိပုဂ္ဂိုလ်များက ကုမ္ပဏီအကြောင်းနှင့် […]

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (EYU) အမျိုးသားဘောလုံးအသင်း ရန်ကုန်ဇုန်ပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခြင်းနှင့် ချန်ပီယံ (EYU) အမျိုးသားဘောလုံးအသင်းအား မှတ်တမ်းတင်ဂုဏ်ပြုပွဲကျင်းပခြင်း

ရန်ကုန်ဇုန်တက္ကသိုလ်များအဆင့် ဘောလုံး၊ ဘော်လီဘောနှင့် ဖူဆယ်ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (EYU)မှ အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသားဘော်လီဘောအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အမျိုးသားဘောလုံးအသင်းသည် အဆင့်ဆင့်သော ပွဲစဉ်များတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြသကာ အောက်ပါအတိုင်း ပွဲစဉ်အလိုက် အနိုင်ရလဒ်များဖော်ဆောင်နိုင်ခဲ့ပါသည်- ၁၅-၆-၂၀၂၆ ရက်နေ့ (အုပ်စုပွဲစဉ်): EYU အသင်းနှင့် WYU အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ EYU အသင်းက ၅-၃ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ၁၆-၆-၂၀၂၆ ရက်နေ့ (အုပ်စုပွဲစဉ်): EYU အသင်းနှင့် YUEco အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ EYU အသင်းက ၂-၁ ရလဒ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ပါသည်။ ၁၈-၆-၂၀၂၆ ရက်နေ့ (ဆီမီးဖိုင်နယ်ပွဲစဉ်): […]

“English Language Proficiency Enhancement Course” သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ အင်္ဂလိပ်စာ အရည်အသွေးတိုးတက် လာစေရန်အတွက် ရည်ရွယ်၍ “English Language Proficiency Enhancement Course” သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၉-၆-၂၀၂၆) ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အင်္ဂလိပ်စာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကြည်မှ သင်တန်းနှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

ကျန်းမာရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ရည်ရွယ်၍ ဤတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၉-၆-၂၀၂၆) ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး FAME ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က မှတ်ဉာဏ် ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉) ဌာနမှ ဆရာ၊ ဆရာမများ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။