
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာဌာနမှ ဆရာမ(၈)ဦး နှင့် ပထမနှစ် မှ မဟာတန်းအထိ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး၊ စုစုပေါင်း (၃၃)ဦး တို့သည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၏ စာကြည့်တိုက်လေ့လာရေးခရီးစဉ်အဖြစ် (၂၇-၈-၂၀၂၆) ရက်မှ (၂၈-၈-၂၀၂၆) ရက် အထိ (၂)ရက်တာ လေ့လာရေးခရီးထွက်ခဲ့ပါသည်။ လေ့လာရေးခရီးစဉ်အဖြစ် (၂၇-၈-၂၀၂၆) ရက်တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) နှင့် အမျိုးသားပြတိုက်(နေပြည်တော်)၊ (၂၈-၈-၂၀၂၆)ရက်တွင် လွှတ်တော်စာကြည့်တိုက် နှင့် တပ်မတော်စစ်သမိုင်းပြတိုက် တို့ကို သွားရောက်လေ့လာခဲ့ပါသည်။







