လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဗဟုသုတရရှိစေရန်၊ အဆိုပါဦးစီးဌာန၏ လုပ်ငန်းများနှင့် ဆက်စပ်သော ဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြီးလျှင် အလုပ်အကိုင်များ လျှောက်ထားနိုင်စေရန်နှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၂၄-၇-၂၀၂၆) ရက်နေ့တွင် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကို ကျင်းပခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန […]

နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ Technology and Innovation Support Center(TISC)ဖွင့်ပွဲအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် သုတေသီ ဆရာ၊ ဆရာမများ၊ တီထွင်ဖန်တီးသူများနှင့် ကျောင်းသား၊ ကျောင်းသူများ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များကို လွယ်ကူစွာရယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ Technology and Innovation Support Center(TISC) ဖွင့်ပွဲကို (၂၃-၇-၂၀၂၆) ရက်နေ့တွင် ကျောင်းသားနားနေဆောင်(၁)၌ ခေတ္တပါမောက္ခချုပ်က ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ဒုတိယပါမောက္ခချုပ်များ၊ TISC Center တွင် ဦးဆောင် ဆောင်ရွက်မည့် ဆရာ၊ ဆရာမများ၊ သင်ကြား/စီမံ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပါသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု ဗဟိုကော်မတီနှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်သော အသိပညာ ဗဟုသုတရရှိ စေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ရပ်များ လျော့နည်းလာစေရန်အတွက် ရည်ရွယ်၍ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၂၀-၇-၂၀၂၆) ရက်နေ့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို ကျင်းပခဲ့ပါသည်။ ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ၊ ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန […]

Research Methodology with Statistical Analysis ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၏ သုတေသနစွမ်းရည် ပိုမိုတိုးတက်လာစေရေး၊ သုတေသနလုပ်ငန်းများ၏ သဘောတရားများ၊ နည်းစနစ် လုပ်ငန်းစဉ်များနှင့် စနစ်တကျခွဲခြမ်းစိတ်ဖြာ လေ့လာမှုများ ပြုလုပ်နိုင်စေရေးအတွက် ရည်ရွယ်၍ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၁၃-၇-၂၀၂၆) ရက်နေ့တွင် Research Methodology with Statistical Analysis ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာကိုကိုတိုးလွင်သော်က Introduction to Statistics ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သင်္ချာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးမော်က Research Methodology ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုက္ခဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသန့်စင်နွယ်က Introduction to R and R Studio ခေါင်းစဉ်ဖြင့် […]

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရုက္ခဗေဒအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရုက္ခဗေဒအထူးပြု ပထမနှစ်(၃၇)ဦး၊ ဒုတိယနှစ်(၁၂)ဦး၊ စတုတ္ထနှစ် (၈)ဦး၊ ဒုတိယနှစ်ဂုဏ်ထူးတန်း(၂)ဦး၊ တတိယနှစ်ဂုဏ်ထူးတန်း(၄)ဦး နှင့် မဟာသိပ္ပံ အရည်ချင်းစစ်သင်တန်း(၂)ဦး ၊ ကြီးကြပ်သူပါမောက္ခ (၁)ဦး၊ ကထိကဆရာမ (၁) ဦး၊ သရုပ်ပြဆရာမ (၄)ဦး၊ စုစုပေါင်း (၇၁)ဦး တို့သည် Fame ဆေးဝါးထုတ်လုပ်ရေးစက်ရုံ သို့ (၉.၇.၂၀၂၆) တွင် သွားရောက် လေ့လာခဲ့ပါသည်။ အပင်များ၏ ဆေးဖက်ဝင်ပုံ၊ အပင်များကို ဆေးဝါး ထုတ်လုပ်ရန် စနစ်တကျ သိုလှောင်သိမ်းဆည်းပြီး၊ ဆေးဝါးအဖြစ်သို့ စနစ်တကျ ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် Caner museum ကို စက်ရုံမှတာဝန်ရှိသူများက ရှင်းပြခဲ့ပါသည်။ စက်ရုံတွင် အုပ်စု (၃)စုခွဲ၍ လေ့လာခဲ့ပါသည်။ လေ့လာရေး ခရီးစဉ်တွင် ဘာသာရပ်နှင့်သက်ဆိုင်သော ဗဟုသုတများကို […]