ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရုက္ခဗေဒဌာနမှ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ချိုချိုဦးနှင့် ခေါင်းဆောင်ကြီးကြပ်သူဆရာမများနှင့်ကျောင်းသားကျောင်းသူ ၃၅ ဦးတို့သည် ၂၂-၉-၂၀၂၆ ရက်နေ့ နံနက် ၆နာရီခွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ စတင်ထွက်ခွာခဲ့ကာ နေ့လယ် (၁း၀၀)နာရီတွင် နေပြည်တော်သို့ရောက်ရှိပြီး မြန်မာ့တိုင်းရင်းဆေးပညာပြတိုက်သို့ သွားရောက် လေ့လာခဲ့ပါသည်။ ထိုတိုင်းရင်းဆေးပြတိုက်တွင် မြန်မာရှေးတိုင်းရင်းဆေးသမားတော်ကြီးတို့၏ ဆေးကျမ်းများနှင့် ဆေးဖော်စပ်ခဲ့သည့်ရှေးဟောင်းကိရိယာ ယန္တရားများ၊ ကိုဗစ် ၁၉အတွက် ဖော်စပ်ထားသည့် ဆေးနံ့သာတို့ကိုလေ့လာခဲ့ပြီး နေ့လယ် ၃နာရီ၁၅မိနစ်တွင် ပရဆေးဥယျာဉ်သို့ ရောက်ရှိကာဆေးဖက်ဝင်အပင်အမျိုးမျိုးကိုလေ့လာကြည့်ရှုခဲ့ပါသည်။ ထို့နောက် ညနေ၆နာရီတွင် မာရဝိဇယ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့ပါသည်။ ၂၃-၉-၂၀၂၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့သွား ရောက်လေ့လာခဲ့ပြီး လွှတ်တော် အစည်းအဝေးခန်းမ၊ တိုင်းရင်းသားရိုးရာဝတ်စုံဆင်ယင်ထားသည့် အရုပ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပြကွက်တို့ကိုလေ့လာကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်ရှိ အမျိုးသားစာကြည့်တိုက်သို့ သွားရောက်ကာ စာကြည့်တိုက်၏ […]
