
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု ဗဟိုကော်မတီနှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်သော အသိပညာ ဗဟုသုတရရှိ စေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ရပ်များ လျော့နည်းလာစေရန်အတွက် ရည်ရွယ်၍ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၂၀-၇-၂၀၂၆) ရက်နေ့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို ကျင်းပခဲ့ပါသည်။ ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ၊ ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်အေးနှင့် စစ်ဆေးရေးမှူး(၃) ဦးရဲဝင်းအောင် တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သော လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ဟောပြောပို့ချခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။







