
တက္ကသိုလ် ဆရာ၊ ဆရာမများ သုတေသနစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးမြင့် အသုံးချသုတေသနများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် (၁၄-၅-၂၀၂၆) ရက်နေ့တွင် ပညာရပ်ဆိုင်ရာ သုတေသနရေးသားနည်း အခမ်းအနားကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မနုဿဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန္ဒာအောင်က ဟောပြောပို့ချခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။




