
(၅-၅-၂၀၂၆)ရက်နေ့တွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူရည်ချွန်များဖြစ်သော ပထမနှစ်၊ သင်္ချာအထူးပြု ကျောင်းသား(၁)ဦး၊ ဒုတိယနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသူ(၁)ဦးနှင့် တာဝန်ရှိ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပါသည်။



