
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ဆရာမများနှင့် ကျောင်းသား/သူများသည် ၃-၉-၂၀၂၆ နှင့် ၄-၉-၂၀၂၆ ရက်နေ့များတွင် ပန်းတနော်မြို့နယ် သူဌေးချောင်း ကျေးရွာရှိ Global Earth Agro and Aqua Industry Public Company Limited သို့ လေ့လာရေးခရီး Factory Visit သွားရောက်ခဲ့ပြီး ငါးသားဖောက်ခြင်း လုပ်ငန်းများ အကြောင်း၊ စက်ရုံလည်ပတ်ရန်အတွက် လိုအပ်သောစွမ်းအင်ကို စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း စပါးခွံမှနည်း၂ မျိုးဖြင့် ထုတ်လုပ်ခြင်းအကြောင်း၊ ငါးကို အခြေခံသောအသင့်စား ထုတ်ကုန်ပစ္စည်းနှင့် အေးခဲပစ္စည်းများ ထုတ်လုပ်ခြင်း အကြောင်း တို့ကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြပါသည်။








