Cupcake ipsum dolor sit amet. Cake pudding chocolate bar cookie candy canes dragée bear claw cookie wafer
Cupcake ipsum dolor sit amet. Cake pudding chocolate bar cookie candy canes dragée bear claw cookie wafer
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) ကြိမ်မြောက် နေ့သင်တန်းနှင့် အဝေးသင် သင်တန်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၂-၂-၂၀၂၆ မှ ၂၁-၂-၂၀၂၆ အထိ ဤတက္ကသိုလ်၏ ပင်မဆောင်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပါမောက္ခချုပ် အမှူးပြုသော စီမံခန့်ခွဲ့ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရ မောင်မယ်များနှင့် ဧည့်သည်တော် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် နေ့သင်တန်း (ဝိဇ္ဇာ/သိပ္ပံ)မဟာဘွဲ့-၂၂ဦး၊ ဂုဏ်ထူးဘွဲ့-၃၀ဦး၊ ရိုးရိုးဘွဲ့-၃၈၁ဦးနှင့် အဝေးသင် သင်တန်း (ဝိဇ္ဇာ/သိပ္ပံ)ရိုးရိုးဘွဲ့-၂၈၅၉ ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် -၃၂၉၂ ဦး အား ပါမောက္ခချုပ်မှ ဘွဲ့ချီးမြှင့်ခဲ့ပါသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲအား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘောလုံးကွင်း၌ (၁၉-၁-၂၀၂၆)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သင်ကြား/စီမံ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ၏ ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး Campaign အား အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ခဲ့ပါသည်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နေ့သင်တန်း ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲအား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံတွင် (၃၀-၁၂-၂၀၂၅) ရက်နေ့မှ (၃၁-၁၂-၂၀၂၅) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။