၂၀၂၆ ခုနှစ် ဇူလိုင်လ(၇)ရက် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် အသိပညာပေး ဟောပြောပွဲကို (၆-၇-၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)က “ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့သည် မိတ်ဆွေ” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ပါမောက္ခချုပ်(ငြိမ်း)ဒေါက်တာဦးဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော် အငြိမ်းစား ပါမောက္ခချုပ် ဆရာကြီး(၂)ဦးနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ တာဝန်ရှိသူများက အမှတ်တရ သစ်ပင်စိုက်ပျိုးပေးခဲ့ကြပါသည်။