ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ၂၀၂၆ ပညာသင်နှစ် အဝေးသင် သင်တန်း ကြေညာချက်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ၂၀၂၆ ပညာသင်နှစ် အဝေးသင် သင်တန်း ကြေညာချက်  ပထမအသုတ်(သိပ္ပံ) (ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ ၊ သတ္တဗေဒ၊ ရုက္ခဗေဒ) စာမေးပွဲများကို (၁-၁၀-၂၀၂၆)ရက်နေ့မှ (၇-၁၀-၂၀၂၆)ရက်နေ့ထိ (စနေနေ့အပါ) ဖြေဆိုရမည်ဖြစ်သည်။ ဒုတိယအသုတ် (ဝိဇ္ဇာ၊ ဥပဒေ) အနီးကပ် သင်တန်းများအား(၉-၁၀-၂၀၂၆)ရက်နေ့မှ (၁၈-၁၀-၂၀၂၆) ရက်နေ့ထိ (စနေနှင့် တနင်္ဂနွေအပါအဝင်) သင်ကြားပို့ချမည်ဖြစ်ပြီး၊ အဆိုပါ ဒုတိယအသုတ် စာမေးပွဲများကို(၂၂-၁၀-၂၀၂၆)ရက်နေ့မှ(၃၀-၁၀-၂၀၂၆)ရက်နေ့ထိစနေနေ့အပါအဝင် (သီတင်းကျွတ် ပိတ်ရက်မပါ)ဖြေဆိုကြရမည်ဖြစ်သည်။ တတိယအသုတ်(မြန်မာစာ၊ သမိုင်း) အနီးကပ် သင်တန်းများအား (၂-၁၁-၂၀၂၆)ရက်နေ့မှ     (၁၁-၁၁-၂၀၂၆) ရက်နေ့ထိ (စနေနှင့် တနင်္ဂနွေ အပါအဝင်) သင်ကြားပို့ချမည်ဖြစ်ပြီး၊ တတိယ အသုတ် စာမေးပွဲများကို           (၁၆-၁၁-၂၀၂၆) ရက်နေ့မှ   (၂၅-၁၁-၂၀၂၆) ရက်နေ့ထိ  (စနေနေ့အပါ၊ တန်ဆောင်တိုင်ပိတ်ရက်မပါ) ဖြေဆိုကြရမည်ဖြစ်သည်။   […]