
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၏ သုတေသနစွမ်းရည် ပိုမိုတိုးတက်လာစေရေး၊ သုတေသနလုပ်ငန်းများ၏ သဘောတရားများ၊ နည်းစနစ် လုပ်ငန်းစဉ်များနှင့် စနစ်တကျခွဲခြမ်းစိတ်ဖြာ လေ့လာမှုများ ပြုလုပ်နိုင်စေရေးအတွက် ရည်ရွယ်၍ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၁၃-၇-၂၀၂၆) ရက်နေ့တွင် Research Methodology with Statistical Analysis ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာကိုကိုတိုးလွင်သော်က Introduction to Statistics ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သင်္ချာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးမော်က Research Methodology ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုက္ခဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသန့်စင်နွယ်က Introduction to R and R Studio ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ(၃၄)ဦး တက်ရောက်ခဲ့ကြပြီး ဆင့်ပွားသင်တန်းအား (၁၃-၇-၂၀၂၆)ရက်နေ့မှ (၂၃-၇-၂၀၂၆) ရက်နေ့အထိ သင်တန်းပို့ချမည်ဖြစ်ပါသည်။





