ရန်ကုန်ဇုန် တက္ကသိုလ်များအဆင့် ဘောလုံး၊ ဘော်လီဘောနှင့် ဖူဆယ်ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (EYU)မှ အမျိုးသား ဘောလုံး အသင်းနှင့် အမျိုးသားဘော်လီဘောအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အမျိုးသားဘောလုံးအသင်းသည် အဆင့်ဆင့်သော ပွဲစဉ်များတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြသကာ ပွဲစဉ်အလိုက် အနိုင်ရလဒ်များ ဖော်ဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ချန်ပီယံတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိခဲ့ပါသည်။ မိမိတို့တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သော “အောင်လံလွှင့်ထူ EYU” နှင့်အညီကျောင်းဂုဏ်ဆောင်နိုင်ခဲ့သည့် ချန်ပီယံ EYU ဘောလုံးအသင်းအား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မိသားစုတစ်ခုလုံးမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
