လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည်  ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏   ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဗဟုသုတရရှိစေရန်၊ အဆိုပါဦးစီးဌာန၏ လုပ်ငန်းများနှင့် ဆက်စပ်သော ဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြီးလျှင် အလုပ်အကိုင်များ လျှောက်ထားနိုင်စေရန်နှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၂၄-၇-၂၀၂၆) ရက်နေ့တွင် “လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲ”ကိုကျင်းပခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ […]

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်သော အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို ၂၀-၇-၂၀၂၆  ရက်နေ့တွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် နှင့် သိပ္ပံပညာရှင် ပါမောက္ခ ကိုကိုအောင်တို့မှ အသိပညာပေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါ သည်။

“Research Methodology with Statistical Analysis” ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၏ သုတေသနစွမ်းရည် ပိုမိုတိုးတက်လာစေရေး၊ သုတေသနလုပ်ငန်းများ၏ သဘောတရားများ၊ နည်းစနစ် လုပ်ငန်းစဉ်များနှင့် စနစ်တကျခွဲခြမ်းစိတ်ဖြာ လေ့လာမှုများ ပြုလုပ်နိုင်စေရေးအတွက် ရည်ရွယ်၍  အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၁၃-၇-၂၀၂၆) ရက်နေ့တွင် Research Methodology with Statistical Analysis ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာကိုကိုတိုးလွင်သော်က Introduction to Statistics ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သင်္ချာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးမော်က Research Methodology ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုက္ခဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသန့်စင်နွယ်က Introduction to R and R Studio […]

ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ သည် မိတ်ဆွေ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

၂၀၂၆ ခုနှစ် ဇူလိုင်လ(၇)ရက် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် အသိပညာပေး ဟောပြောပွဲကို (၆-၇-၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀) နာရီတွင် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။  ဟောပြောပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)က “ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့သည် မိတ်ဆွေ”ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာဦးဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်ဌာန(၁၉)ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဧည့်သည်တော် အငြိမ်းစား ပါမောက္ခချုပ် ဆရာကြီး(၂)ဦးနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ တာဝန်ရှိသူများက အမှတ်တရ သစ်ပင်စိုက်ပျိုးပေးခဲ့ပါသည်။

အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair 2026)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသော နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ကျောင်းပြီးလျှင် ပြီးချင်း လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် ခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍  အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၃-၆-၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ   (Job Fair 2026) ကို ကျင်းပခဲ့ပါသည်။ အဆိုပါ ပြပွဲတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကုမ္ပဏီ(၆)ခုဖြစ်သော Eager Communications Group Co.,Ltd, SMY Pharmaceutical Co.,Ltd, Myanmar Consumer Enterprise Ltd, City Holding Limited, Green Food Science & Development Co.,Ltd, Ocean Princess Co.,Ltd  များမှ […]