Naypyitaw State Academy ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်တက်ရောက်ခြင်း

(၅-၅-၂၀၂၆)ရက်နေ့တွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူရည်ချွန်များဖြစ်သော ပထမနှစ်၊ သင်္ချာအထူးပြု ကျောင်းသား(၁)ဦး၊ ဒုတိယနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသူ(၁)ဦးနှင့် တာဝန်ရှိ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အပန်းဖြေရိပ်သာ(Recreation Centre) တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်း

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများ နှင့်အတူ (၂-၅-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများမှ ဆောက်လုပ်မည့် မြေနေရာကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၇)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း    (၂၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉းဝဝ)နာရီတွင် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ အငြိမ်းစား ပါမောက္ခချုပ်များ၊ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံ/သင်ကြားဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ သုတေသန စာတမ်း (၈၄) စောင် ဖတ်ကြားတင်သွင်းခြင်းကို (၂၄-၂-၂၀၂၆)မှ (၂၅-၂-၂၀၂၆)ထိ (၂)ရက်တာ ကျင်းပပြီး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘာသာရပ် ပေါင်းစုံဈေးရောင်းပွဲကို (၂၅-၂-၂၀၂၆) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏(၂၅) ကြိမ်မြောက် နေ့သင်တန်းနှင့်အဝေးသင်သင်တန်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) ကြိမ်မြောက် နေ့သင်တန်းနှင့် အဝေးသင် သင်တန်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၂-၂-၂၀၂၆ မှ ၂၁-၂-၂၀၂၆ အထိ တက္ကသိုလ်၏ ပင်မ‌ဆောင်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပါမောက္ခချုပ် အမှူးပြုသော စီမံခန့်ခွဲ့ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊  ဘွဲ့ရ မောင်မယ်များနှင့် ဧည့်သည်တော် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် နေ့သင်တန်း (ဝိဇ္ဇာ/သိပ္ပံ)မဟာဘွဲ့-၂၂ဦး၊ ဂုဏ်ထူးဘွဲ့-၃၀ဦး၊ ရိုးရိုးဘွဲ့-၃၈၁ဦးနှင့် အ‌ဝေးသင် သင်တန်း (ဝိဇ္ဇာ/သိပ္ပံ)ရိုးရိုးဘွဲ့-၂၈၅၉ ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် -၃၂၉၂ ဦး အား ပါမောက္ခချုပ်မှ ဘွဲ့ချီးမြှင့်ခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလီဘောပြိုင်ပွဲကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလီဘောပြိုင်ပွဲကို (၂၈-၁-၂၀၂၆)ရက်နေ့မှ (၃၀-၁-၂၀၂၆) ရက်နေ့ထိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်‌ခဲ့ကြပါသည်။