ရန်ကုန်ဇုန်တက္ကသိုလ်များအဆင့် ဘောလုံး၊ ဘော်လီဘောနှင့် ဖူဆယ်ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (EYU)မှ အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသားဘော်လီဘောအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အမျိုးသားဘောလုံးအသင်းသည် အဆင့်ဆင့်သော ပွဲစဉ်များတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြသကာ အောက်ပါအတိုင်း ပွဲစဉ်အလိုက် အနိုင်ရလဒ်များဖော်ဆောင်နိုင်ခဲ့ပါသည်-
၁၅-၆-၂၀၂၆ ရက်နေ့ (အုပ်စုပွဲစဉ်): EYU အသင်းနှင့် WYU အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ EYU အသင်းက ၅-၃ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။
၁၆-၆-၂၀၂၆ ရက်နေ့ (အုပ်စုပွဲစဉ်): EYU အသင်းနှင့် YUEco အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ EYU အသင်းက ၂-၁ ရလဒ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ပါသည်။
၁၈-၆-၂၀၂၆ ရက်နေ့ (ဆီမီးဖိုင်နယ်ပွဲစဉ်): အုပ်စု (A) ပထမရ EYU အသင်းနှင့် အုပ်စု (B) ဒုတိယရ YUOE အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ EYU အသင်းက ၃-၂ ရလဒ်ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါသည်။
၁၉-၆-၂၀၂၆ ဗိုလ်လုပွဲစဉ် (Final): ဗိုလ်လုပွဲစဉ်တွင် EYU အသင်းနှင့် YU အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ EYU အသင်းက ၄-၃ ရလဒ်ဖြင့် ထိုက်ထိုက်တန်တန် အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (EYU) အမျိုးသားဘောလုံးအသင်းသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ချန်ပီယံတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိခဲ့ပါသည်။ မိမိတို့တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သော “အောင်လံလွှင့်ထူ EYU” နှင့်အညီ ကျောင်းဂုဏ်ဆောင်နိုင်ခဲ့သည့် ချန်ပီယံ EYU ဘောလုံးအသင်းအား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မိသားစုတစ်ခုလုံးမှ လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။