ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၇)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း    (၂၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉းဝဝ)နာရီတွင် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ အငြိမ်းစား ပါမောက္ခချုပ်များ၊ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံ/သင်ကြားဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ သုတေသန စာတမ်း (၈၄) စောင် ဖတ်ကြားတင်သွင်းခြင်းကို (၂၄-၂-၂၀၂၆)မှ (၂၅-၂-၂၀၂၆)ထိ (၂)ရက်တာ ကျင်းပပြီး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘာသာရပ် ပေါင်းစုံဈေးရောင်းပွဲကို (၂၅-၂-၂၀၂၆) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏(၂၅) ကြိမ်မြောက် နေ့သင်တန်းနှင့်အဝေးသင်သင်တန်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) ကြိမ်မြောက် နေ့သင်တန်းနှင့် အဝေးသင် သင်တန်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၂-၂-၂၀၂၆ မှ ၂၁-၂-၂၀၂၆ အထိ တက္ကသိုလ်၏ ပင်မ‌ဆောင်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပါမောက္ခချုပ် အမှူးပြုသော စီမံခန့်ခွဲ့ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊  ဘွဲ့ရ မောင်မယ်များနှင့် ဧည့်သည်တော် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် နေ့သင်တန်း (ဝိဇ္ဇာ/သိပ္ပံ)မဟာဘွဲ့-၂၂ဦး၊ ဂုဏ်ထူးဘွဲ့-၃၀ဦး၊ ရိုးရိုးဘွဲ့-၃၈၁ဦးနှင့် အ‌ဝေးသင် သင်တန်း (ဝိဇ္ဇာ/သိပ္ပံ)ရိုးရိုးဘွဲ့-၂၈၅၉ ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် -၃၂၉၂ ဦး အား ပါမောက္ခချုပ်မှ ဘွဲ့ချီးမြှင့်ခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလီဘောပြိုင်ပွဲကျင်းပခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလီဘောပြိုင်ပွဲကို (၂၈-၁-၂၀၂၆)ရက်နေ့မှ (၃၀-၁-၂၀၂၆) ရက်နေ့ထိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်‌ခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သုတေသနစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ သုတေသနစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို၂၃-၁၀-၂၀၂၅ ရက်နေ့တွင် ဤတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဘာသာရပ်ဌာန ၁၉ ခုမှ ဆရာ၊ ဆရာမများ၊ မဟာသိပ္ပံ၊ မဟာဝိဇ္ဇာနှင့် မဟာအရည်အချင်းစစ်သင်တန်းတက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဘာသာစကား၊ လူမှုသိပ္ပံ၊ သဘာဝသိပ္ပံ၊ သက်ရှိ သိပ္ပံ ဘာသာရပ်များကိုယ်စားပြု ပါမောက္ခနှင့် တွဲဖက်ပါမောက္ခ ဆရာ၊ ဆရာမ  ၆ ဦးမှ ဆွေးနွေးပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သုတေသနစကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ (၂၆)ကြိမ်မြောက် မဟာဘုံကထိန်ပွဲ ကျင်းပခြင်းအခမ်းအနား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၆) ကြိမ်မြောက် မဟာဘုံကထိန်ပွဲအား  (၂၀-၁၀-၂၀၂၅) ရက်နေ့တွင် ပင်မဆောင်၊ ဘုရားခန်း၌ ကျင်းပခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဌာနအသီးသီးမှ ပဒေသာပင်များအား ပို့ဆောင် လှူဒါန်းခဲ့ပါသည်။